Ex With Benifits MMSub
အခု ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တဲ့ Ex with benifitsဆိုတဲ့ ဖိလစ်ပိုင်ကားလေးထဲမှာတော့ …အာကီရှာ နဲ့ ကတ်စ်ထရန့်စ်တို့ဟာ တစ်ချိန်ကသိပ်ချစ်ခဲ့ကြတဲ့ ချစ်သူတွေပါ…ဒါပေမယ့် တစ်နေ့တော့ အကြောင်းတစ်ခုကြောင့် နှစ်ဦးသားရန်ဖြစ်ကြပြီး…အာကီရှာ ဟာထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပါတယ်…ဖုန်းနံပါတ်ပါပြောင်းသွားတဲ့အပြင် အဆိုးဆုံးက အတူတူတက်နေကြတဲ့ ဆေးကျောင်းကပါ ထွက်သွားခဲ့တာပါ…ကျန်ခဲ့တဲ့ကောင်လေး ကတ်စ်ထရန့်စ်ကတော့ နောင်တတွေနဲ့အရူးတစ်ပိုင်းပေါ့…ဒီလိုနဲ့ ဆယ်နှစ်ကြာပြီးတဲ့အခါမှာမှ ထွက်ပြေးသွားတဲ့ကောင်မလေး အာကီရှာနဲ့ ကတ်စ်ထရန့်စ်တို့နှစ်ဦးသား အလုပ်အတူလုပ်ရဖို့အကြောင်းဖန်လာပါတယ်…သူတို့နှစ်ဦးပြန်လည်တွေ့ဆုံကြတဲ့အခါမှာတော့……?????အာကီရှာဟာ ဘာလို့ရုတ်တရက်ပျောက်ကွယ်သွားခဲ့တာလဲ…အရင်က ဆေးကျောင်းသူလေး အာကီရှာတစ်ယောက်ရဲ့ ဘဝဘယ်လိုများပြောင်းလဲသွားလဲ စသည်ဖြင့် စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ…ဖိလစ်ပိုင် အချစ်ဇာတ်လမ်းလေးများရဲ့ထုံးစံအတိုင်း ပေါ့ပါ့ပါးပါးနဲ့ ကြည့်ရှုသူပရိသတ်တွေကိုနှစ်သက် သဘောကျစေမှာဖြစ်တာကြောင့် မလွတ်တမ်းကြည့်ရှုလိုက်ပါဦးလို့…